ဘောလုံးပွဲကြိုခန့်မှန်း

■ ပရီးမီးယားလိဂ်ပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဝုလ်ဗ် – လီဗာပူးလ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၆:၀၀ နာရီ)

ဝုလ်ဗ်အသင်းက မန်ယူနိုက်တက်နဲ့ပွဲမှာ ပုံစံကောင်းပြနိုင်ခဲ့တယ်။ ဒါပေမဲ့ ဘရိုက်တန်နဲ့ပွဲမှာ မယှဉ်နိုင်ခဲ့တာ သိသာသလို၊ ပဲလေ့စ်နဲ့ပွဲမှာလည်း ခြေရည်တူဆိုပေမဲ့ ကစားပုံ ညံ့ပါတယ်။ အဲဗာတန်ကို နိုင်တဲ့တစ်ပွဲပဲ ဒီရာသီ နိုင်ပွဲရသေးတယ်။ လီဗာပူးလ်က (၄)ပွဲ (၁၀)မှတ် Rhythm က ယုံကြည်မှု တိုးစေသလို၊ အသင်းလိုက်ကစားပုံကလည်း ပိုကောင်းလာတယ်။ လီဗာပူးလ်ပဲ နိုင်ပွဲယူလိမ့်မယ်။ 



အက်စတွန်ဗီလာ – ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၈:၃၀ နာရီ)

အက်စတွန်ဗီလာက နယူးကာဆယ်ကို ဂိုးပြတ်ရှုံးပြီးနောက် ပုံစံကောင်း တောက်လျှောက်ပြခဲ့ပြီး လီဗာပူးလ်ကိုတော့ ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီရာသီ အက်စတွန်ဗီလာရဲ့နိုင်ပွဲတွေက ဂိုးပြတ်သလို၊ ရှုံးပွဲတွေကလည်း ဂိုးပြတ်ခဲ့တာကိုတွေ့ရတယ်။ ခရစ္စတယ်ပဲလေ့စ်က စုစည်းမှုကောင်းပြီး မာကျောပေမဲ့ အဝေးကွင်းမှာတော့ တိုက်စစ်အားနည်းပါတယ်။ ဒီပွဲလည်း အက်စတွန်ဗီလာကို ကြိုက်တယ်။ 



ဖူလ်ဟမ် – လူတန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၈:၃၀ နာရီ)

စပါးကို ဂိုးပြတ်ရှုံးခဲ့ပေမဲ့ ဖူလ်ဟမ်က အသင်းကောင်းတစ်သင်းလို့ ပြောနိုင်တယ်။ မီထရိုဗစ် မရှိတော့တဲ့ တိုက်စစ်က အားနည်းပေမဲ့ အသင်းမှာ ကစားသမားကောင်းတချို့ ရှိပါတယ်။ လူတန်အသင်းကတော့ ပရီးမီးယားလိဂ်ရဲ့အားအနည်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ခြေစွမ်းပိုင်းကလည်း အားရစရာမရှိဘူး။ ဖူလ်ဟမ်အတွက် သေချာပေါက် နိုင်ပွဲရှာရမယ့် ပွဲဖြစ်တယ်။ 



မန်ယူ – ဘရိုက်တန် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၈:၃၀ နာရီ)

မန်ယူအသင်းအတွက် နိုင်ငံတကာဘောလုံးပွဲတွေက အပြန်မှာ အားကောင်းတဲ့ စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်ရမှာဖြစ်တယ်။ ဒီရာသီမှာ မန်ယူနိုက်တက်အသင်းက အိုးလ်ထရက်ဖို့ဒ်မှာတောင် ရလဒ်ပိုင်းက ကောင်းတယ်ဆိုပေမဲ့ ကျဉ်းမြောင်းတဲ့နိုင်ပွဲတွေနဲ့ အသည်းအသန် ဖြတ်သန်းနေရတာ ဖြစ်ပြီး ဘရိုက်တန်လိုအသင်းမျိုးနဲ့ဆိုရင် ရလဒ်ဆိုတာထက် ကစားရတာကတော့ ပိုခက်ခဲမှာသေချာတယ်။ လူငယ်ကြယ်ပွင့်တိုက်စစ်မှူးသစ် ဟွိုင်လန်းကတော့ ဒီပွဲမှာ သူ့ရဲ့ ပထမဆုံးအိုးလ်ထရက်ဖို့ဒ်ပွဲကို ကစားရမှာဖြစ်ပြီး ဘရိုက်တန်ခံစစ်က ဒန့်ခ်နဲ့ တိုက်ပွဲက ပြင်းထန်ဦးမယ်ထင်တယ်။ ဘရိုက်တန်အသင်းရဲ့ တောင်ပံ တိုက်စစ်တွေက မန်ယူနိုက်တက်ရဲ့ခံစစ်ပိုင်းစိတ်ချရတဲ့ ကစားသမားတွေနဲ့ ရင်ဆိုင်မှုကလည်း ပြင်းထန်လိမ့်မယ်။ မန်ချက်စတာယူနိုက်တက်အတွက် ခက်ခဲတဲ့နိုင်ပွဲတော့ ဖြစ်လာနိုင်ပါတယ်။



စပါး –  ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၈:၃၀ နာရီ)

စပါးအသင်းက နည်းပြ ပိုစတီကိုဂလူးနဲ့အတူ အကောင်းဆုံးပုံစံကို ပြသနေပြီး ပြီးခဲ့တဲ့ပွဲစဉ်တုန်းကလည်း အဝေးကွင်းမှာ ဂိုးမိုးရွာခဲ့တယ်။ ရှက်ဖီးယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ ဆိုးရွားနေတဲ့အသင်းဖြစ်ပြီး ခံစစ်အသားပြုပုံစံနဲ့ပဲ စပါးကွင်းကို လာကစားမှာ သေချာတယ်။ ဒါပေမဲ့ စပါးအသင်းရဲ့ လက်ရှိ Form က ဂိုးတွေသွင်းဖို့၊ နိုင်ပွဲယူဖို့ မခက်ပါဘူး။ စပါးပဲ နိုင်လိမ့်မယ်။ 



ဝက်စ်ဟမ်း – မန်စီးတီး (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၈:၃၀ နာရီ)

ဝက်စ်ဟမ်းအသင်းက ဒီရာသီမှာ အကောင်းဆုံး Form ကို ရရှိနေတယ်။ ချယ်လ်ဆီး၊ ဘရိုက်တန်၊ လူတန်အသင်းတွေကို ဆက်တိုက်အနို်င်ရခဲ့တယ်။ ချယ်လ်ဆီး၊ ဘရိုက်တန်တို့နဲ့ပွဲတွေက မန်စီးတီးနဲ့ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှုလို့လည်း ပြောလို့ရတယ်။ နှစ်ပွဲစလုံးမှာ ဘရိုက်တန်အသင်းရဲ့ ဘောလုံးပိုင်ဆိုင်ခွင့်က ၂၀-၂၅ ရာခိုင်နှုန်းလောက်နဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲတွေကို ယူခဲ့တာဖြစ်တယ်။ မန်စီးတီးနဲ့ပွဲမှာလည်း Low Block နဲ့ ခံစစ်ကို ကျစ်လျစ်နေအောင် တည်ဆောက်ပြီး ရင်ဆိုင်မှာ သေချာတယ်။ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကို မိနစ် (၉၀) ထိန်းချုပ်ဖို့ကတော့ တော်တော်လေးခက်ပြီး ဒီပွဲမှာသာ ရလဒ် ကောင်းခဲ့ရင်တော့ ဝက်စ်ဟမ်းက ဒီရာသီမှာ ထိပ်ဆုံး (၁၀) သင်း၊ ထိပ်ဆုံး (၇)သင်း စတဲ့နေရာတွေကို မျှော်လင့်နိုင်ဖို့ ယုံကြည်ချက် ပြည့်ဝသွားလိမ့်မယ်။ သရေလည်း ဖြစ်သွားနိုင်ပါတယ်။ 



နယူးကာဆယ် – ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် စက်တင်ဘာ ၁၆ ရက် ည ၁၁:၀၀ နာရီ)

နယူးကာဆယ်က ရလဒ်တွေကို ပြောင်းလဲဖို့ လိုနေပြီ။ ရှုံးပွဲဆက်နေတာ မှန်ပေမဲ့ နယူးကာဆယ် ပွဲကျပ်လွန်းခဲ့တာကို သတိပြုရမှာဖြစ်တယ်။ ဘရိုက်တန်ကို ကစားခဲ့တဲ့ ခြေစွမ်းပဲ အားနည်းချက်ရှိပြီး ဗီလာ၊ မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ပွဲတွေမှာ ပုံစံကောင်းကို မြင်ခဲ့ရတယ်။ ဘရန်ဖို့ဒ်က အနိုင်ယူဖို့ ခက်တဲ့အသင်းဖြစ်ပြီး ဒီရာသီ ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမဲ့ နယူးကာဆယ် ဒီပွဲမှာ နိုင်ပွဲယူလိမ့်မယ်။