Premier League,  ဘောလုံးသတင်း

ဖူလ်ဟမ်ကို သက်တောင့်သက်သာအနိုင်ယူပြီး ဇယားထိပ်က ဂန်းနားတွေကို အမီလိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ညက ခရာဗင် ကော့တေ့ချ်မှာ ဖူလ်ဟမ်ကို ၃-၁ နဲ့ သက်တောင့်သက်သာအနိုင်ယူပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အမှားမခံခဲ့ပါဘူး။

အာနိုးရဲ့ ၃၂ မိနစ်မှာ သွင်းယူခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘော သွင်းဂိုးကြောင့် လီဗာပူးလ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်း ပြီးဆုံးခါနီးမှာ အိမ်ရှင်တွေက ချေပဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။

အဲလက် အီဝိုဘီရဲ့ ဖြတ်တင်ပေးပို့မှုကို လီဗာပူးလ်နောက်ခံလူတွေ မရှင်းထုတ်နိုင်ခဲ့တဲ့နောက် ကက်စတာညဲက ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ပြန်စပြီး ၈ မိနစ်အကြာမှာပဲ လီဗာပူးလ်တို့အတွက် လိုအပ်နေတဲ့ ဦးဆောင်ဂိုးကို ဂရာဗင်ဘာ့ချ်က အီဝိုဘီရဲ့ ဆိုးရွားတဲ့ ပေးပို့မှုကို ကြားဖြတ်ရယူခဲ့တဲ့ အဲလီးယော့တ်ပေးပို့ခဲ့တာကို ရယူပြီး ဂိုးညာဘက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၇၂ မိနစ်မှာ ဂရာဗင်ဘာ့ချ် ကွင်းလယ်ကနေ ဘောလုံးရယူပြီး ဂတ်ခ်ပိုဆီ ပေးပို့ခဲ့ရာမှာ ဒတ်ချ်တောင်ပံကစားသမားက ဂျိုတာဆီ ပေးပို့ခဲ့ရာမှာ ပင်နယ်တီ ဧရိယာထဲကို ပြေးဝင်ပြီး ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

VAR က လူကျွံဘောဖြစ်နိုင်ခြေရှိတယ်ဆိုပြီး ပြန်လည်စစ်ဆေးခဲ့ပေမယ့်လည်း လူကျွံမနေခဲ့တာကြောင့် ဂိုးခွင့်ပြုပေးခဲ့ပြီး လီဗာပူးလ်ကို ၃-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ကလော့ပ်ရဲ့အသင်းဟာ ဖူလ်ဟမ်ကို အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၂ နေရာကို ယာယီတက်လှမ်းနိုင်ခဲ့ပြီ​ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS