ဘောလုံးပွဲကြိုခန့်မှန်း

ကိုပါအီတာလီယာဖလားဆီမီးဖိုင်နယ်နှင့် ပြင်သစ်လီဂူးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ကိုပါအီတာလီယာဆီမီးဖိုင်နယ် (ဒုကျော့)

အတ္တလန်တာ – ဖီအိုရင်တီးနား (ကြာသပတေးနံနက် ၁း၃၀ နာရီ)

နှစ်သင်းစလုံးက သက်ဆိုင်ရာ ဥရောပပြိုင်ပွဲတွေမှာ လည်း ခြေစွမ်းပြနေပြီး ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက် ထားတယ်။ အထူးသဖြင့် ယူရိုပါလိဂ်မှာ လီဗာပူးလ်အသင်းကို ကျော်ဖြတ်ခဲ့တဲ့ အတ္တလန်တာအသင်းက ယုံကြည်မှု အမြင့် ဆုံးရောက်နေနိုင်တာ သတိပြုရမယ်။ ကစားသမားပိုင်းအရ တော့ ဒီနှစ်သင်းအကြား ခြားနားချက်မရှိပါဘူး။ အတ္တလန်တာ အသင်းကတော့ လတ်တလောမှာ အိမ်ကွင်းရလဒ်ပိုင်း အနည်း ငယ်ကျဆင်းနေတယ်။ ဒါပေမဲ့ အတ္တလန်တာအနေနဲ့ ဖောင် ဖျက်ကစားရတော့မယ့် အခြေအနေဖြစ်ပြီး ဖီအိုရင်တီးနားခံ စစ်ပိုင်းအတွက် အစမ်းသပ်ခံတစ်ခု ဖြစ်လာလိမ့်မယ်။ အတ္တ လန်တာကိုပဲ ကြိုက်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၂၉) (ပွဲကျန်ပွဲစဉ်) 

လော်ရီယန့် – PSG (ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)

အမှတ်ပေးချန်ပီယံဆုအတွက် PSG အသင်းက ဖိအား မရှိတော့ဘူး။ ဒါပေမဲ့ ဒီရာသီ ရှုံးပွဲမရှိသေးတဲ့ အဝေးကွင်းမှတ် တမ်းကောင်းကိုတော့ PSG အသင်း ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်း လိမ့်မယ်။ တန်းဆင်းဇုန်ထဲရောက်နေတဲ့ လော်ရီယန့်က (၅)ပွဲ ဆက် နိုင်ပွဲပျောက်ထားကာ (၄)ပွဲ အရေးနိမ့်ခဲ့တယ်။ PSG  အဝေးကွင်းနိုင်ပွဲဆက်လိမ့်မယ်။

မာဆေးလ် – နိုက်စ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

မာဆေးလ်အသင်း တစ်ဖက်မှာ ယူရိုပါလိဂ်ကစားရချိန် ပြည်တွင်းပွဲမှာ ရလဒ်တွေ ဆိုးသွားတယ်။ ဒါပေမဲ့ ဥရောပဝင်ခွင့် အတွက် အမှတ်ထပ်ဆုံးရှုံးခံလို့ မဖြစ်တော့တဲ့အခြေအနေမှာ  မာဆေးလ်ရဲ့ရုန်းကန်မှုကိုတော့ စောင့်ကြည့်ရမယ်။ နိုက်စ်က တော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှားလုပ်လို့ မရတော့ဘူး။  မာဆေးလ် အမှတ်တော့ရလိမ့်မယ်။

မိုနာကို – လိုင်လီ (ကြာသပတေးနံနက် ၁း၃၀ နာရီ)

အမှတ်ပေးဇယားမှာ အထက်အောက်ရပ်တည်နေတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှုအပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လည်း အဓိကအဆုံးအဖြတ်ပေးမယ့်ပွဲဖြစ်နေတယ်။ မိုနာကိုအ သင်းက အိမ်ကွင်းနောက်ဆုံးပွဲမှာ နိုင်ပွဲပြန်တွေ့ထားလို့ ယုံ ကြည်မှု ပြန်ရှိနေနိုင်တယ်။ ခြေစွမ်းကွာပေမဲ့ မိုနာကိုကိုပဲ ရွေး ချယ်ချင်တယ်။