Premier League,  ဘောလုံးသတင်း

ကလော့ပ်လိုပဲ ဖလားပြိုင်ပွဲကို တဖြည်းဖြည်းနဲ့လက်ပြနှုတ်ဆက်ရတော့မယ့် လီဗာပူးလ်

လီဗာပူးလ်ဟာ စနေနေ့ နေ့လယ်အစောဆုံးပွဲစဉ်အဖြစ် ဝက်စ်ဟမ်းရဲ့ လန်ဒန်ကွင်းမှာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့ပြီး ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲနဲ့ တရွေ့ရွေ့ဝေးကွာလာခဲ့ပြီဖြစ်ပါတယ်။

ဝက်စ်ဟမ်းက ဂျားရော့ ဘိုဝင်ရဲ့ ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် လီဗာပူးလ်ကို ပထမပိုင်းမှာ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်စစပြီး သိပ်မကြာခင်မှာပဲ ရောဘတ်ဆန်က ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ၆၅ မိနစ်မှာ ဂတ်ခ်ပိုရဲ့ ကန်ချက်က ဝက်စ်ဟမ်းနောက်ခံလူတွေနဲ့ ထိပြီး အာရီယိုလာ အုန်းဂိုးဖြစ်ပြီး ရရှိခဲ့တဲ့ဂိုးကနေ ဦးဆောင်ဂိုး ရရှိသွားခဲ့ပေမယ့်လည်း အန်တိုနီယိုက ၇၇ မိနစ်မှာ အိမ်ရှင်တွေအတွက် သရေ ၁ မှတ်ရရှိစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးမှာ ကွမ်ဆာရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်စရာဖြစ်ခဲ့ပြီး ဘောလုံးကို လွယ်လွယ်နဲ့ ပေးပစ်ခဲ့ပြီးနောက် ဒုတိယဂိုးမှာလည်း အန်တိုနီယိုနဲ့ ရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ အခုဆိုရင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာက မန်စီးတီးထက် ၂ ပွဲကစားထားပေမယ့်လည်း ၁ မှတ်လျော့နဲ့ တတိယနေရာမှာ ဆက်လက်ရပ်တည်ခဲ့ရပြီး ဆုဖလားပြိုင်ပွဲနဲ့ တဖြည်းဖြည်း အလှမ်းကွာလာခဲ့ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS