Premier League,  ဘောလုံးသတင်း

အန်တိုနီ မသွင်းစဖူးဂိုးသွင်းပေမယ့် အိုနာနာ ထပ်မွှေလို့ သရေ ၁ မှတ်ပဲ ရခဲ့တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့ည ဘန်လေနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ အန်တိုနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း နောက်ကျ ပင်နယ်တီကြောင့် တစ်ဖက် ၁ ဂိုးစီ သရေကျပြီး သရေ ၁ မှတ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းမှာ ဖာနန်ဒက်စ်ရဲ့ ဂိုးတိုင်ထိမှန်ခဲ့တဲ့ ကန်ချက်လောက်ကလွဲပြီး ဘန်လေဂိုးပေါက်ကို ထိထိရောက်ရောက်မခြိမ်းခြောက်နိုင်ခဲ့ဘဲ အိုနာနာ လက်စွမ်းပြ ကာကွယ်ခဲ့လို့သာ ဂိုးတွေ မပေးခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၁၅ မိနစ်လောက်အထိ မန်ချက်စတာယူနိုက်တက်က တရစပ် ဖိအားပေးတိုက်စစ်ဆင်နိုင်ခဲ့ပြီး ၇၉ မိနစ်မှာ ဘန်လေအသင်း လူပေးမှားရာကနေ ရလာတဲ့ဘောလုံးကို အန်တိုနီက ရယူပြီးနောက် ဂိုးညာဘက်အောက်ထောင့်ထဲကို အပြင်းကန်သွင်းယူသွားခဲ့ပြီး ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း ၈၅ မိနစ်မှာ အိုနာနာ ဘောလုံး ပုတ်ထုတ်ရာမှာ ဘန်လေကစားသမားကို ကစားပုံကြမ်းတမ်းသလို ဖြစ်ခဲ့တာကြောင့် VAR က ပင်နယ်တီသတ်မှတ်ပေးခဲ့ပြီး အမ်ဒူနီက ဂိုးညာဘက်အောက်ထောင့်ထဲကို ကန်သွင်းပြီး ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈၉ မိနစ်မှာ မက်တော်မီနေးရဲ့ အနီးကပ် ဂိုးကန်သွင်းမှုကို အိုရှေးက အံ့အားသင့်ဖွယ် ပိတ်ဆို့နိုင်ခဲ့တာကြောင့် ဘန်လေတို့ နောက်ကျ အနိုင်ဂိုး ပေးရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

နာကျင်အချိန်ပို ၉၀+၅ မိနစ်မှာ အိုနာနာက ပင်နယ်တီပေးခဲ့ရတဲ့ အမှားကို ပြန်ပေးဆပ်တဲ့အနေနဲ့ အိုဒိုဘတ်ရဲ့ ကန်ချက်ကို ခြေထောက်နဲ့ ပိတ်ဆို့ ကာကွယ်ခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်တို့ ဂိုးထပ်မပေးခဲ့ရဘဲ သရေ၁ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS